Sunday, June 29, 2008

ဆူး


" ဆူး "

ဘယ်တော့မှ ပြန်လည်ရှင်သန်မှာလဲ
နှလုံးသားငယ်ရေ
ဝေ့၀ဲကျလာတဲ့ မျက်ရည်ရွက်လေးကို
ဘယ်လိုလေမျိုးကမှ
စိတ်လိုလက်ရ ချီသယ်မသွားဘူး
ငါ့လက်နဲ့ငါ ဖောက်ခဲ့တာပါ
ငါလျှောက်ချိန်ကျမှ
ဒီလမ်းက ဆူးတွေပြည့်မောက်
အိပ်မက်ခြောက်ရာသီရဲ့ လမ်းအိုဟောင်း
ပြန်လာမဲ့ ခြေဖမိုးဖောင်းဖောင်းလေးကို တမ်းတ
အခုတော့
ကဗျာပေါင်းမြက်တွေပဲ ထထလာတယ်
ဆူး တချောင်းပါပဲ
မြင်တတ်ရင် ..
နှလုံးသားနဲ့ ပေါင်းခံထားတဲ့
အမှတ်တရ မှဲ့နက်တပွင့်
ရင်နင့်အောင်လည်း ဆူးတယ်
အိပ်မရတဲ့ အထိ ရူးတယ်
ဒါပေမဲ့ ..
နှုတ်မပစ်ရက်အောင် တိမ်းမူး
ဘ၀ကူးထိ ငါယူသွားမယ်

ချီရွန် ( ပုလဲ )
အသည်းကွဲနေသော ညီမငယ် တယောက်အတွက်ပါ။ ယောက်ျားလေး တယောက်က ရေးပေးတာ ဖြစ်လို့နည်းနည်း ခံစားချက်ချင်း မတူနိုင်ဖြစ်သွားတာရှိရင် မောင်ချီရွန် ညံ့လို့သာဖြစ်ပါကြောင်း .......

No comments yet