Wednesday, November 21, 2007

တန်ဖိုး


" တန်ဖိုး "

ရမယ်ဆိုတာ သေချာနေမှတော့
ဒီပွဲမှာ .....
ငါ မပါတာဘဲ ကောင်းပါတယ်
မှန်ဘောင်သွင်းမဲ့
လက်မှတ် တရွက် အတွက်
ငါ့ ရင်ဘတ် ငါ
ငဲ့ကွက် ပါရစေ....
လမ်းလျှောက်တာချင်း အတူတူ
ဖိနပ်ပါပါ မပါပါ
လိုရာ ရောက်ဖို့ အဓိကပဲမို့လား ?
သွားနှင့်ကြပါ ...
ခြေဗလာ မှာလဲ
သေချာတဲ့ အနာဂတ်ရှိတယ်
လူပြော များနေတဲ့
လောက၀တ် စာလုံးတွေဟာ
တခါတခါ
မျက်နှာဖုံး စွပ်ထားတတ်တယ်
မင်း နားလည်မယ် ဆိုရင်ပေါ့ .........

ချီရွန် ( ပုလဲ )

No comments yet