Thursday, November 29, 2007
၂၆ နှစ်ပြည့် အမှတ်တရ ခံစားချက်
" ၂၆ နှစ်ပြည့် အမှတ်တရ ခံစားချက် "
မွေးခဲ့တဲ့ အမေ ကျွေးခဲ့တဲ့ အဖေ
သား ရိုသေစွာ ကန်တော့ လိုက်ပါတယ်
အဖေ အမေတို့ မွေးခဲ့တဲ့သား
အား ဖြစ်သွားလား
ကျား ဖြစ်သွားလား
သေချာတာကတော့
အမှား မကင်းခဲ့ဘူး အဖေ
လူ့သက်တမ်းရဲ့ သုံးပုံ တစ်ပုံ
ဒီအရွယ်ထိ
ကျွန်တော်..............
ကံကို ယုံနေတုန်းပဲ
ဘယ်လောက်များ......
ဝမ်းနည်းစရာ ကောင်းလိုက်ပါသလဲ
ရှေ့ဆက်ရမဲ့ လမ်း
မျက်ကန်း တစ္ဆေ မကြောက်သလို
ကျွန်တော် မလျှောက်ချင်တော့ဘူး
ပန်းတိုင် မရောက်ချင်နေ
စိတ်ကူးတွေ....
သင်ပုန်းကြီး ကျေစေချင်တယ် ။
ချီရွန် ( ပုလဲ )
No comments yet