Tuesday, March 4, 2008
ပဟေဠိသို့ ကြယ်မီးအိမ်
" ပဟေဠိသို့ ကြယ်မီးအိမ် "
မင်းမျက်ဝန်းက
ဓားနဲ့ရက်တဲ့ အကြည့် အ' အ တွေကို
ငါ....မိုးမခပင်လို
ရွပ်ရွပ်ချွံချွံ ခံယူချင်ပါသေးတယ်။
မင်းအရွယ်နဲ့
တိမ်စကားကို နားယောင်နေမှတော့
ဂျက်ဒေါ တကောင် အကြောင်း
ငါ နားထောင်ကောင်းအောင်
မပြောချင်ဘူး ။
နားဆင် !!!
ဟောဒီ မဖွံ့ဖြိုးသေးတဲ့ အိပ်မက်အတွက်
ကြက်ခြေခတ်တွေ မသတ်ဖျက်ခင်
မင်းကို ရင့်ကျက်စေချင်တယ်
တခုတော့ ပြောမယ်
လပြည့်ညမှ မဟုတ်ပါဘူး
လကွယ်ညမှာလဲ
ငါ့တေးသံဟာ ရှည်တယ်........
ချီရွန် ( ပုလဲ )
၃၀.၇.၀၅
ဂျက်ဒေါ = ထာဝရ ပေါင်းဖက်နေထိုင်သော အညိုနဲ့ အနက်ရောင်ရှိ ဥရောပကျီးတစ်မျိုး။မင်းမျက်ဝန်းက
ဓားနဲ့ရက်တဲ့ အကြည့် အ' အ တွေကို
ငါ....မိုးမခပင်လို
ရွပ်ရွပ်ချွံချွံ ခံယူချင်ပါသေးတယ်။
မင်းအရွယ်နဲ့
တိမ်စကားကို နားယောင်နေမှတော့
ဂျက်ဒေါ တကောင် အကြောင်း
ငါ နားထောင်ကောင်းအောင်
မပြောချင်ဘူး ။
နားဆင် !!!
ဟောဒီ မဖွံ့ဖြိုးသေးတဲ့ အိပ်မက်အတွက်
ကြက်ခြေခတ်တွေ မသတ်ဖျက်ခင်
မင်းကို ရင့်ကျက်စေချင်တယ်
တခုတော့ ပြောမယ်
လပြည့်ညမှ မဟုတ်ပါဘူး
လကွယ်ညမှာလဲ
ငါ့တေးသံဟာ ရှည်တယ်........
ချီရွန် ( ပုလဲ )
၃၀.၇.၀၅
ဒီကဗျာလေးကတော့ ပြင်ဦးလွင်က Sparrow စားသောက်ဆိုင်မှာ သူငယ်ချင်းဇော်ဇော်ခန့်ရဲ့ ကောင်မလေး မွေးနေ့ပွဲမှာ အမှတ်တရ ရေးခဲ့တဲ့ ကဗျာပါ။ အဲဒီမွေးနေ့မှာ ဆုံခဲ့တဲ့ သူငယ်ချင်းဇော်ဇော်ခန့် နဲ့ စန်းယုဌေး ၊ zyh တို့အတွက် အမှတ်တရ တင်လိုက်တာပါ။
No comments yet