Sunday, December 16, 2007
ဥသြငှက်
စကားလေး နည်းနည်း ပြောဦးမယ်ဗျာ။ ကဗျာ အလေးကြီးတွေ ဖတ်ရတာလဲ ဦးနှောက်ပူတယ်။ အခု ကျွန်တော် ငယ်ငယ် ၇ တန်းတုန်းက ရေးခဲ့တဲ့ ကဗျာလေး ၂ ပုဒ်တင်မယ်။ ရယ်စရာလဲ ဖြစ်ချင် ဖြစ်နေမှာပါ။ ဒါပေမဲ့ ကျွန်တော့် ဘ၀ရဲ့ ကဗျာခေတ်ဦး အမှတ်တရပေါ့ဗျာ။ ကျွန်တော် ပထမဆုံး ရေးဖြစ်တဲ့ ကဗျာလေးက ဥသြငှက်တဲ့ ။ သတ္တမတန်း မှာ စရေးတာပါ။ အဲဒီတုန်းက ကဗျာရေးဖို့ သင်ပေးတဲ့ ဆရာမ ဒေါ်ရီရီနှင်း ကို ဒီနေရာကနေ ကန်တော့လိုက်ပါတယ်။ ကျွန်တော့်ကို ကဗျာတွေ ချစ်တတ်အောင်၊ ကဗျာတွေ ရေးချင်စိတ် ရှိလာအောင် ပျိုးထောင်ပေးခဲ့တဲ့ လက်ဦးဆရာပါ။ ကဲ ပထမဆုံး လက်ရာလေးကို စပြီး ခံစား ကြည့်ရအောင်ဗျာ ။
" ဥသြငှက် "
သစ်ပင်ကြားမှာ
ဆွတ်ပျံ့စွာဖြင့်
သာယာငြိမ့်ညောင်း
သံချိုလောင်းသည်
ဆောင်းကုန် နွေဦးကာလတည်း။
ချီရွန် ( ပုလဲ )
သစ်ပင်ကြားမှာ
ဆွတ်ပျံ့စွာဖြင့်
သာယာငြိမ့်ညောင်း
သံချိုလောင်းသည်
ဆောင်းကုန် နွေဦးကာလတည်း။
ချီရွန် ( ပုလဲ )
အဲဒီ အရွယ်ထဲက ကျွန်တော်က သိမ်းဆည်းပြီး ရေးတတ်တဲ့ ဗီဇ ပါလာတာလား မသိဘူး။ ဒီကဗျာကို ဘာမှ ပြင်မထားဘူးဗျာ။ စရေးတည်းက အတိုင်းပဲ။ ခံစားပေးကြပါဦး ။
No comments yet