Saturday, January 19, 2008

တောင်းပန်စကား


အခု ကျွန်တော် နီယိုတမ်းပလိတ် အသစ်သုံးထားပါတယ်။ စာဖတ်သူတွေ အတွက် ပိုပြီး အဆင်ပြေမယ် ထင်လို့ပါ။ ဒီတမ်းပလိတ်က ကိုယ်သွားချင်တဲ့ ခေါင်းစဉ်ကို ရွေးချယ် ဖတ်ရှုရုံပါပဲ။ အဲဒီလို ရွေးချယ်လိုက်တာနဲ့ အရင်လို နောက်ပေ့ခ်ျ တခုကို ရောက်သွားမှာ မဟုတ်ဘဲ မူလစာမျက်နှာမှာပဲ ပေါ်မှာ ဖြစ်တဲ့အတွက် စာဖတ်သူအတွက် ပိုမို အဆင်ပြေမယ်လို့ ယူဆပါတယ်။ တခုပဲဗျ ကျွန်တော်က မလုပ်တတ်တော့ မီးလျံမြေခွေး နဲ့ပဲ အဆင်ပြေပြီး အိုင်အီးနဲ့ကျတော့ အဆင်မပြေတာလေးတွေ တွေ့ရတယ်ခင်ဗျ။ နားလည် တတ်ကျွမ်းသူများ ပြောပြပေးပါ ခင်ဗျာ။ မီးလျံမြေခွေး ဘရောက်ဇာ မရှိတဲ့သူတွေကိုတော့ ကြိုတင် တောင်းပန်ပါတယ်။ အဆင်ပြေအောင် ကျွန်တော် ကြိုးစားပေးပါ့မယ်။ စာလုံးအရွယ်သေးနေတာ အတွက်တော့ ctrl နဲ့ + ကို နှိပ်ပြီးကြည့်ပါလို့ အဟီး။ ဒီ တမ်းပလိတ်လေးကို စိတ်ရှည်ရှည်နဲ့ ဒီဇိုင်း လုပ်ပေးတဲ့ ချစ်သူ ငယ်လေး ( Emily ) ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

No comments yet